ဒီမိုကရေစီ ရေလိုက်မလွဲစေလိုပါ
နော်ဝေးနိုင်ငံ၊ အော်စလိုမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နော်ဝေးရောက် မြန်မာများက ဆန္ဒပြ ခဲ့ကြပါတယ်။ ဒီမိုကရေစီနိုင်ငံကိုရောက်နေတဲ့၊ ဒီမိုကရေစီကိုလိုလားပါတယ် ဆိုတဲ့ မြန်မာများ ဆန္ဒပြကြတာကို မပြောလိုပါဘူး၊ သို့သော် ရွှေပန်းဖြင့်ကြိုဆိုပါသည် ........... ၊ Liar thein sein ..... ဆိုပြီး ဆိုင်းဘုတ်တွေထောင် “၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” ဆိုပြီးစည်းမဲ့ကမ်းမဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီကြားထဲ ကိုမွန်းအောင် ဆိုတဲ့လူကလဲ “သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” ဆိုပြီးပြောတာတွေ ဟာ အတိတ်နဲ့ လက်ရှိမှာပါ ဒဏ်ရာကိုယ်စီရှိနေတဲ့ လက်ရှိ မြန်မာနိုင်ငံနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေအပေါ် ဂဃနဏ နားမလည်တဲ့ ၊ ဉာဏ်ပညာကို အခြေမခံသူရဲ့ စကားလို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီ တိုင်းဒေသကြီး ၊ မအူပင်မြို့နယ်တွင်းမှာ ဖြစ်တဲ့ ဆန္ဒပြသူ လယ်သမားများနဲ့ ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပြီး ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ် ဆိုတဲ့ ဖြစ်စဉ်တွေကြားရတဲ့ အခါမှာ ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေနဲ့ပတ်သတ်ပြီး
နောက်ကြောင်းပြန်သွားမဲ့ အရေးကို စိတ်ပူမိပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်ဟာ သမိုင်းဝင် ဥရောပငါးနိုင်ငံ ခရီးစဉ်ထဲကတစ်ခုဖြစ်ပါတယ်။ ဆင်းရဲပြီး ကြွေးနွံထဲနစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြွေးမြီဝန်ထုတ်ဝန်ပိုးကို
နော်ဝေးနိုင်ငံ အနေနဲ့ ဖြေလျော့ ပေးခဲ့ပြီး၊ အတိမ်းအစောင်းမခံနိုင်သေးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီနေ့ ဒီအချိန် လောက် လွတ်လပ်ခွင့်ဆိုတာ လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်က အိမ်မက်တောင် မမက်နိုင်တဲ့ အခြေအနေပါ။ သဘောထားတင်းမာသူတွေ၊ နောက်ကြောင်းပြန်လိုသူတွေရဲ့ ကြားမှာ နောက်ကြောင်းမပြန်ဖို့ နောက်ပြန် မလှည့်ဖို့ သမ္မတဦးသိန်းစိန် အားကြိုးမာန်တက် ဆောင်ရွက်နေနေချိန်မှာ ပြည်ပရောက် ရွှေမြန်မာများရဲ့ အရင်က မကျေနပ်ခဲ့ သမျှ လာတဲ့အစိုးရ ဆန္ဒပြ ဆိုတဲ့ တစ်ဖက်သတ် ပုဂ္ဂလိကဆန်တဲ့ ဆန္ဒထုတ်ဖော်မှုများဟာ တစ်ဖက် အလှူရှင် နိုင်ငံများအပေါ် သက်ရောက်မှု တစ်ခုခုရှိသွားခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲ အစိုးရအဖွဲ့ အတွင်းက သဘောထားတင်းမာသူတွေ အပေါ် အားဖြည့်ပေးသလို ဖြစ်ကုန်ရင် ..... ဘယ်သူတွေ နစ်နာကြမှာလဲ ၊ ဆိုတာတွေ ...... စဉ်းစားကြဖို့ 
ဖြစ်ပါတယ်။ဘာတွေပဲဖြစ်ဖြစ် ဖြစ်လာရင်ဦးဆုံးခံရတာက ကျွန်တော်တို့ပြည်သူတွေပါ။
ဒီနေ့၊ ဒီအချိန် မြန်မာနိုင်ငံကြီး ဟာ တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်ဖြစ်ဖို့အားလုံး စုပေါင်းကြိုးစားကြချိန်ဖြစ်ပါတယ်၊ အစိုးရက ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပါတယ်ပဲ ပြောပြော လူတိုင်းစိတ်ကျေနပ်တဲ့ အခြေအနေတောင်မရောက်သေးဘူး ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်၊ ခေတ်အဆက်ဆက်မဖြေရှင်းနိုင်ခဲ့တဲ့ ၊ မဖြေရှင်းနိုင်သေးတဲ့ ပြသနာတွေအများကြီးရှိနေပြီး၊ အစိုးရပိုင်းကကော၊ လွှတ်တော်ပိုင်းကပါ ၀ိုင်းဝန်း အဖြေရှာနေကြ ချိန် မှာ ပုဂ္ဂလိက စိတ်ခံစားမှုကို အလိုလိုက်ပြီး ၀ိုင်းပြီးတို့မီးရှို့မီးလုပ်နေတာတွေ၊ လုပ်မိသလိုဖြစ်နေတာတွေ ဟာ ပြသနာကို ပိုဆိုးအောင် မီးထိုးနေသလိုဖြစ်မယ် ဆိုတာ ကျွန်တော်တို့အားလုံးနားလည်ဖို့ လိုအပ်ပါတယ်။ စိန်ခေါ်မှုတွေနဲ့ ဒီမိုကရေစီရှေ့ခရီးမှာ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ၊ သဘာဝပါတ်ဝန်းကျင်နဲ့
ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာ အမှန်တကယ် ထိရောက်တဲ့ ဆန္ဒထုတ်ဖော်ဖို့ တွေ ရှိနေပါသေးတယ်။ ဒီလို ဆန္ဒထုတ်ဖော်ရာမှာလည်း အယူစွဲ ၊ ၀ါဒစွဲ နဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေနဲ့ အရေးကြီးတဲ့ ပြသနာတွေ ကို မလွှမ်းမိုးစေချင်ပါဘူး။ တစ်ကယ်ဖြစ်သင့်တဲ့ ၊ အချိန်ကာလ အခြေအနေအရ တစ်ကယ်ဖြစ်နိုင်တဲ့ ကိစ္စ တွေကို စိတ်ကောင်းစေတနာကောင်းနဲ့ ဆန္ဒထုတ်ဖော်စေချင်ပါတယ်။ မှန်တာ မမှန်တာ ဘေးချိတ် လူများရင်ပြီးရော လိုချင်တာ ဆန္ဒပြယူလို့ ရတယ်လို့ နောက်လူတွေထင်ကုန်ကြရင် ကျွန်တော်တို့တာဝန်ကျေပါ့မလား။ ဒီမိုကရေစီဆိုတာကို စပြီးစမ်းသပ်ကျင့်သုံးနေတဲ့ ကျွန်တော်တို့
နိုင်ငံမှာ အများညီရင် ဤ တောင် ကျွဲဖြစ်တယ်ဆိုတဲ့ အမူအကျင့် ဟာ လွှတ်တော်ထဲမှာတောင် ဂယက်ရိုက်စပြုနေပါပြီ။ဒီလိုသာရှေ့ဆက်သွားနေရင်ကျွန်တော်တို့အားလုံးစိုးရိမ်နေတဲ့ နောက်ကြောင်းပြန်
လှည့်သွား မယ့် အန္တရာယ်နဲ့ တွ့ကြုံရနိုင်ပါတယ်။
ဒါကြောင့် မိမိတစ်ကိုယ်စာ အကျိုးစီးပွား အတွက်ပဲကြည့်ပြီး ဆောင်ရွက်နေတာတွေ ၊ဆောင်ရွက်မိသလိုဖြစ်နေတာတွေကို ဆင်ခြင်သုံးသပ်ပြီး တစ်မျိုးသားလုံးအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်
ကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။
No comments:
Post a Comment